တောင်တွင်းကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပြုလုပ်

တောင်တွင်းကြီး ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် (၁၀) နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က စာဖတ်ဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး  စာရေးဆရာ ဦးအောင်သင်း ရေးသားသည့် ကျောင်းသားလူငယ်တွေနှင့် အခြားဆောင်းပါးများ စာအုပ်အား စာဖတ်ဝိုင်းဖွဲ့ ဆွေးနွေးရာ ဦးစီးအရာရှိဒေါ်အေးမိုးမိုးမြင့်က နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်၏ လူငယ်၊ ဒုတိယဦးစီးမှူးဒေါ်စီစီမိုးက စကားမစပ်ဖြတ်၍ပြောခြင်း၊ ဓါတ်ပုံ ကျွမ်းကျင်(၂) ဦးနိုင်၀င်းက သတင်းမှားသော်လည်း အားတက်စရာ၊ စာကြည့်တိုက် လ/ထ(၃)ဒေါ်သိန်းသိန်းတင့်က ဆရာဆိုတာ၊ ရုပ်သံကျွမ်းကျင်(၃) ဒေါ်မိုင်စန်းသီတာဌေးက ၀မ်းသာလွန်းလို့  (၁)ဆောင်းပါးများအား အသီးသီးဖတ်ကြားခဲ့ပြီး ခေါင်းစဉ်အလိုက် အကြောင်းအရာများအား အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)