အိမ်မဲမြို့နယ်တွင် မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေး သန့်ရှင်းရေးဆောင်ရွက်

အိမ်မဲ ဇန်နဝါရီ  ၁၁ 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေးအတွက် သန့်ရှင်းရေးများဆောင်ရွက်ခြင်းကို ဇန်နဝါရီလ ၁၁ ရက်နေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြောင်းသိရသည်။ 

ယင်းလုပ်ငန်းများကို အိမ်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဇော်ဦးဆောင်ညွှန်ကြားမှုဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှတာဝန်ရှိသူများက မြို့နယ်အတွင်း Clean City ဖြစ်လာစေရေးအတွက် အိမ်မဲမြို့အဝင်ရှိ အမြင်မတင့်တယ်သောချုံနွယ်မြက်များအမှိုက်များနှင့်ဘုရင်နောင်ချွန်းအတွင်းသန့်ရှင်းသာယာလှပစေရေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။ 

ချစ်သက်လယ်