မော်လမြိုင် ဇန်နဝါရီ ၁၁
မွန်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ရှေးဦးပြုစုခြင်း (နည်းပြ) သင်တန်းဖွင့် လှစ်ခြင်းကို ဇန်နဝါရီ၇ရက်မှစတင်ဖွင့်လှစ်ခဲ့ရာ ယနေ့နံနက်ပိုင်း တွင်း ပဉ္စမမြောက်နေ့ အဖြစ် ဆက်လက်သင်ကြားပို့ချပေးလျက်ရှိသည်။
သင်တန်းပို့ချပေးရာတွင် မွန်ပြည်နယ် (၁၀) မြို့နယ်အတွင်းမှ ကြက်ခြေနီအသင်းအဖွဲ့ဝင် (၃၀)ဦး တက်ရောက် သင်ကြားကြမည်ဖြစ်ပြီး သင်တန်းပို့ချပေးမှုကို ဇန်နဝါရီ ၇ ရက်နေ့မှ ၁၁ရက်နေ့ အထိ အခြေခံရှေးဦးပြုစုခြင်း သင်ခန်းစာအားလည်းကောင်း၊ ဇန်နဝါရီ ၁၂ ရက်နေ့မှ ၁၄ရက်နေ့အထိ သင်ကြားရေး အထောက်အကူပြု သင်ခန်းစာ အား လည်းကောင်း သင်တန်းနည်းပြ (၃)ဦးတို့က စာတွေ့/ လက်တွေ့ သင်ကြားပေးမည်ဖြစ်သည်။
မွန်ပြည်နယ်တွင် အဆိုပါရှေးဦးပြုစုခြင်း သင်တန်းများ ဖွင့်လှစ်ပေးခြင်းသည် ကြက်ခြေနီ စေတနာ့ဝန် ထမ်း တို့၏ လုပ်အားဖြင့် ရပ်/ရွာအတွင်းရှိ ပြည်သူများအတွက် အရေးပေါ် အခြေအနေများတွင် မတော်တဆထိခိုက်ဒဏ်ရာရရှိမှုများ လျော့ချစေရန်နှင့် အိမ်တွင်း မတော်တဆထိခိုက်မှုများ ကာကွယ်တားဆီးနိုင်ရန် စသည့်ရည်ရွယ် ချက်တို့ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)