ချောင်းသာကမ်းခြေ သန့်ရှင်းသာယာလှပစေရေး စုပေါင်းအမှိုက်ကောက် လှုပ်ရှားမှုဆောင်ရွက်

ချောင်းသာ ဇန်နဝါရီ ၁၁ 

ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေ သာယာလှပစေရန်အတွက်စုပေါင်းအမှိုက် ကောက် လှုပ်ရှားမှုကို ယနေ့နံနက် ၇ နာရီက ချောင်းသာကမ်းခြေတစ်လျှောက်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကမ်းခြေတစ်လျှောက်ရှိ စွန့်ပစ်အမှိုက်များ၊ ရေပြန်ကျပြီးနောက်တင်ကျန် ရစ်သည့်အမှိုက်နှင့် ပလပ်စတစ်များစသည့် ကမ်းခြေသာယာလှပမှုအားပျက်စီးစေ သောအမှိုက်များ ကို ကောက်ယူပြီး စနစ်တကျစွန့်ပစ်မှုများကိုပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းအမှိုက်ကောက်လှုပ်ရှားမှုကို မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင် ဦးဆောင်မှုဖြင့်မြို့ အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်​ရေးအဖွဲ့များ၊ကြက်ခြေနီစေတနာ့လုပ်အားရှင် များ၊ ဟော် တယ်ဇုံမှဝန်ထမ်းများ၊ ကမ်း​ခြေ​စျေးသည်များနှင့်တာဝန်သိပြည်သူများ စုစု​ပေါင်းအင်း အား (၂၀၀) ဦးခန့်တို့ဖြင့်​ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။

ကျော်ကျော်