အင်္ဂပူမြို့နယ်၌ ကိုဗစ်- ၁၉ ကာကွယ်ဆေး ပထမအကြိမ် Phase -6  ဆက်လက်ထိုးနှံပေးလျက်ရှိ

အင်္ဂပူ ဇန်နဝါရီ ၁၁ 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် အမှတ် (၁) ရပ်ကွက် ချယ်ရီလမ်း(တောင်)ရှိ မိခင်နှင့် ကလေးဆေးခန်းဆေးထိုးစုရပ်တွင်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ပြည်သူများအား Phase-6 (ပထမအကြိမ်) ကိုဗစ် - ၁၉ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီ အချိန်မှ စတင်ပြီး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ 

ကာကွယ်ဆေးထိုးနှံရာတွင်တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေးမထိုးရသေးသည့်သူများအား Phase-6 ( ပထမ အကြိမ် )အဖြစ် ရဟန်းသံ ဃာများ၊သီလရှင်များနှင့်‌ ပြည်သူများအားကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်းနှင့်ကျန်းမာရေး ဝန်ထမ်းများမှ ကာကွယ်ဆေးလာရောက် ထိုးနှံသူ များကိုအပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုး​ပြီးပါက ဓာတ်မတည့်ခြင်း ဘေးထွက်ဆိုးကျိုးလက္ခဏာများဖြစ်ပေါ်လျှင် ချက်ခြင်းကုသပေးနိုင်ရေးအတွက် ကြည့်ရှု့ဆောင့်ကြပ်ဆောင်ရွက်ပေးပြီးကိုဗစ် -၁၉ကာကွယ်‌ရေးနည်းလမ်းများနှင့်အညီ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ ကာကွယ်ဆေး ထိုးနှံရာတွင် မြို့ဌာနဆိုင်ရာ စီစစ်ကြီးကြပ်ရေးအဖွဲ့ ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ကျန်းမာရေးဝန်ထမ်းများမှပူးပေါင်းပြီး ပြည်သူများအားကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှသိရသည်။ 

မြို့နယ်