သတင်းများ

ကံမမြို့နယ် ပယ်ကျကျေးရွာအုပ်စုသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအားကွင်းဆင်းဆောင်ရွက်ပေး
Jan 11,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့်ကိုင်ဆောင် သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ပယကျကျေးရွာအုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
မိုင်းပန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါ အသိပညာပေး နှိုးဆော်
Jan 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက် ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်း ယမန်နေ့ ညနေ(၄)နာရီအချိန်က မြို့ပေါ်ရပ်ကွက် များအတွင်း Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။
ဘောဂလိမြို့ အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ သတင်းအချက်အလက်များအား အသိပေးခြင်း ဆောင်ရွက်
Jan 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီး ထိန်းချုပ်နိုင် ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ် ၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဘောဂလိမြို့ အတွင်းရှိ မိဘပြည်သူများအား သိရှိလိုက်နာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်း အချိန်က Hand Speaker ဖြင့် မြို့အတွင်း လှည့်လည် နှိုးဆော်ခဲ့ကြသည်။
စဉ့်ကိုင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(၁၀၄၀၁၈) ဦး ထိုးနှံပေးပြီးဖြစ်
Jan 11,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာများမှ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး  ထိုးနှံပေးလျက်ရှိရာ ဇန်ဝါရီ(၁၀) ရက်နေ့အထိ   (၁၀၄၀၁၈) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ကောလင်းမြို့နယ်အတွင်း ဆောင်းသီးနှံနှင့်နွေစပါးစိုက် တောင်သူများသို့ စက်ရုံထုတ်စျေးနှုန်းအတိုင်း ယူရီးယား ဓါတ်မြေဩဇာများ ရောင်းချခြင်း အခမ်းအနားကျင်းပ
Jan 11,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်အတွင်း ဆောင်းသီးနှံနှင့်နွေစပါးစိုက် တောင်သူများ သို့ စက်ရုံထုတ်စျေးနှုန်းအတိုင်း ယူရီးယားဓါတ်မြေဩဇာများ ရောင်းချခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၀ရက်နေ့ က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ပိုင်ကျုံမြို့ ကစိုကျေးရွာ ရွာတွင်းလမ်းပေါ်တွင် သံကူကွန်ကရစ်တံတား (၁) စင်းတည်ဆောက် ပေးလျက်ရှိ
Jan 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည် စီးဆင်းမှု မြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ပြေစေရေး အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမအကြိမ် ပိုင်ကျုံမြို့‌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ‌ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ ကစိုကျေးရွာ ရွာတွင်းလမ်းပေါ်တွင် သံကူကွန်ကရစ်တံတား(၁)စင်း တည်ဆောက်ပေးခြင်းလုပ်ငန်းကို ဇန်နဝါရီလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ညောင်ရွှေမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါကြိုတင်ကာကွယ်ရေး တိုင်းရင်းသားဘာသာစကားများဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်နှင့် အသိပညာပေး နှိုးဆော်
Jan 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါနှင့် ကိုဗစ် -၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တိုင်းရင်းသား ဘာသာစကား များဖြင့် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွေမြို့နယ်ရုံးမှ အသံချဲ့စက်နှင့် မြို့ပေါ် ရပ်ကွက်များအတွင်း ဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်မြို့နယ်၌ ဆဌမအသုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂၂၃၃) ဦး ထိုးပြီးဖြစ်
Jan 11,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက ဆဌမအသုတ်တွင် ကာကွယ်ဆေး ထိုးပြီးသူပေါင်း (၂၂၃၃) ဦး ရှိကြောင်း သိရှိရသည်။