မိုင်းတုံ ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရှိ Community Center ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၂)နာရီခွဲက စာရေးဆရာ မောင်မောင်ညွန့်လှိုင်၏ ကျွန်မစာတတ်ချင်သည်နှင့် အခြားဝတ္ထုတိုများ စာအုပ်ထဲမှ "မညစ်ပတ်နှင့် ညစ်လျှင်ပတ်တတ်သည်" အား မိတ်ဆက်ခြင်း အစီအစဉ် ဆောင်ရွက်ခဲ့သည်။
ယင်းသို့စီစဉ်ဆောင်ရွက်ရခြင်းသည် စာအုပ်စာပေချစ်မြတ်နိုးသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကလေးငယ်များ အသိပညာဗဟုသုတများ ရရှိစေရန် မည်သူမဆို မိမိတို့ကြိုက်နှစ်သက်ရာ စာအုပ် များရှိခဲ့ပါက အချိန်ပြည့် လာရောက်ဖတ်ရှု့/ငှားနိုင်ရန် ရည်ရွယ်၍ စီစဉ်ပေးခြင်းဖြစ်ကြောင်း သိရ သည်။
အဆိုပါ စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်ကို မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့်ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် အသိပညာဗဟုသုတများ ရရှိစေရန် သုတ/ရသ စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်များ၊ ပုံပြင်ပြောခြင်းနှင့် ကဗျာရွတ်ဆိုခြင်း အစီအစဉ်များကို ရိုက်ကူးပြီး မိုင်းတုံမြို့နယ်၊ ပြည်သူ့စာကြည့်တိုက် Facebook page Online မှ တစ်ဆင့် လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)