ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ပုလော  ဒီဇင်ဘာလ  ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အသက် ၁၈ နှစ်ပြည့်ပြီး သူများကို  မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ဇရပ်ဆိပ်ကျေးရွာ ဘဝ အလင်းရောင်စာကြည့်တိုက်တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ကြက်ခြေနီ တပ်ဖွဲ့၀င်များ၊ ကျေးရွာနေ မိဘပြည်သူများက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

အလားတူ  ယနေ့ နံနက်ပိုင်းတွင် မင်းထိန်ကျေးရွာ၊ ထမင်းမစားကျေးရွာ၊ ရှပ်ပုံ ကျေးရွာနှင့် ကြဲကျေးရွာရှိ သတ်မှတ်စုရပ်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အေးအေးမော် (ပုလော)