ချောင်းဆုံ ဇန်နဝါရီ ၂၃
ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်နိုင်ရေးအတွက် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့နံနက်၉နာရီက ကုလားတို့ကျေးရွာနှင့် တိုးချဲ့ရပ်ကွက်တို့တွင် ကိုဗစ်-၁၉(ဗီဇပြောင်း)
အိုမီခရွန်ရောဂါကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)နှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ ကျန်းမာရေးဝန်ကြီးဌာနမှ အားသွန် ခွန်စိုက် ဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုအနေဖြင့် အဆိုပါရောဂါပိုးနှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်ကြောင့်ကြခြင်း မပြုကြရန်၊ တစ်ဦးချင်း ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အခြေခံစည်းမျဉ်များကို လိုက်နာကြရန်၊ သံသယရောဂါလက္ခဏာရှိသူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့ကြရန်၊ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးထိုးနှံမှု (မပျက်မကွက်) အကြိမ်ပြည့် ခံယူခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို ကာကွယ်ဆေးထိုးနှံပေးရန်အတွက် ကျန်းမာရေးဌာနသို့ ဆက်သွယ်ပို့ဆောင်ပေးကြရန် စသည့်အချက်များကို အသိပေးတိုက်တွန်းနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)