လှိုင် ဇန်နဝါရီ ၂၃
ပွင့်လင်းရာသီ၌ မတော်တဆမီးလောင်မှု မရှိစေရေးနှင့် စက်သုံးဆီဆိုင်များ မီးလန့်မှု မဖြစ်ပွားနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊လှိုင်မြို့နယ် အတွင်း၌ စက်သုံးဆီဆိုင်များ မီးဘေးလုံခြုံရေးအတွက် အခြေခံသဘောတရားများဖြစ်သည့် လောင်စာ၊ အောက်ဆီဂျင်နှင့် အပူချိန်များကို ဖယ်ရှား၊ကန့်သတ်၊ လျော့ချနိုင်စေရန်ရည်ရွယ်ကာ မီးငြှိမ်းသတ်နည်းစာတွေ့နှင့် လက်တွေ့သရုပ်ပြခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန၌ ယမန်နေ့နံနက်၉း၀၀နာရီမှ၁၁း၀၀အချိန်ထိပြုလုပ်ခဲ့သည်။အဆိုပါဟောပြောပို့ချမှု့တွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးဟိန်းအောင်ကျော်က မီးသုံးစွဲမှုများနှင့် မီးသတ်စျေးဘူးအသုံးပြုပုံ၊ မီးသတ်ပစ္စည်းကိရိယာများနှင့် မီးငြှိမ်းသတ်နည်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များကမီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကိုလက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ပြီးMaxEnergyစက်သုံးဆီဆိုင်ဝန်ထမ်းများကမီးငြှိမ်းသတ်မှုများကိုလက်တွေ့လေ့ကျင့်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေါ်ဝင်းသီတာမိုး