ဆီဆိုင် ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦး ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပါလောပါ ကယ်ကျေးရွာအုပ်စု၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဆီဆိုင်မြို့နယ်ဦးစီးမှူး ရုံးမှ ဦးစီးအရာရှိ ဦးအောင်ဆန်းဝင်း၏ ကြီးကြပ်မှုဖြင့် ဒု-လဝကမှူး ဦးခွန်အောင်ဆန်းနှင့် ဝန်ထမ်းများ က ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာ၊ အောင်ဇေယျရပ်ကွက်အတွင်း နေထိုင်ကြ သည့် ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်း (၁၈၇)ခု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၆၄) ခုတို့အား ဇန်နဝါရီ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ (၃) ရက်ကြာ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ဆက်လက်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကိုလည်း ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်း၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသား များဖြစ်ကြသောတိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦး ရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးရရှိနိုင်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)