သတင်းများ

လဲချားမြို့နယ် ဝမ်စဲ့ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့်‌ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး
Jan 23,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ​လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများက  ယနေ့  (၁၁)နာရီအချိန်က ဝမ်စဲ့ကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းတွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့​သည်။
ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာ စိုက်ပျိုးရေးရရှိရေး မြစ်ရေတင်စီမံကိန်း စတင်ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု
Jan 23,2022
မကွေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဦးနှင့် အဖွဲ့သည် ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာ စိုက်ပျိုးရေရရှိရေး မြစ်ရေတင်စီမံကိန်းစတင် ဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ပခုက္ကူတက္ကသိုလ်၏ (၂၁)နှစ်ပြည့် တက္ကသိုလ်နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ
Jan 23,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူတက္ကသိုလ်၏ (၂၁)နှစ်ပြည့် တက္ကသိုလ်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် Climate Change and It's Impacts on Socio-Economic Development နှင့်ပတ်သက်သည့် သုတေသနစာတမ်းများဖတ်ပွဲကို ယနေ့နံနက် ၉နာရီအချိန်က အဆိုပါတက္ကသိုလ်၊ လေးထပ်ဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အောင်လံမြို့နယ်၌ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ မှဆုရရှိ‌‌သော ကျောင်းသား/သူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jan 23,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိ‌သော ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ပြုလုပ်ကျင်းပ ခဲ့သည်။
လဲချားမြို့နယ်  စည်ပင်သာယာမြို့မဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်တွေ့ သရုပ်ပြဇာတ်တိုက်လေ့ကျင့်
Jan 23,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်းရှိ ဈေးများမီးဘေးအန္တရာယ် ကင်းဝေးရေးအတွက် မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်တွေ့သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က စည်ပင်သာယာမြို့မဈေးတွင် ပြုလုပ် ဆောင်ရွက်ခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jan 23,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆရေးဦးစီးဌာနမှ မိဘပြည်သူများနှင့် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ် ကလေးငယ်များအား အထွေထွေဗဟုသုတများနှင့် သိသင့်သိထိုက်သည်များကို သိရှိလေ့လာ မှတ်သားနိုင်စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိသည်။
လွိုင်လင်မြို့၌ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး (Boosters Dose)ထိုးနှံ
Jan 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ၏စီစဉ်မှုဖြင့် အသက်(၅၀)နှစ်နှင့်အထက် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး(Boosters Dose)ထိုးနှံ ပေးခြင်းကို ဇန်နဝါရီလ ၂၃ ရက် နံနက်(၁၀)နာရီက အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကာကွယ်ဆေးထိုးနှံပေးသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌  စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  စာဖတ်ဝို်ငး ကျင်းပ 
Jan 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနက စာအုပ်စာပေချစ်မြတ်နိုးသူများ  ပိုမိုတိုးပွာလာစေရန်  အတွေးအခေါ်အသိအမြင်များ  အချင်းချင်းဖလှယ်တတ်စေရန်၊ စာပေမှရရှိသော  အသိအမြင်ဗဟုသုတများကို အသုံးချတတ်စေရန်  ရည်ရွယ်၍ “ ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ ” စာအုပ်ဖြင့် ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမ၌ စာဖတ်ဝို်ငးကျင်းပပြုလုပ်ခဲ့သည်။