မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ Book Clubအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

မိုးညို   ဇန်နဝါရီ  ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် Book Club အဖွဲ့၀င်များ၏စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာလင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့် ဝန်ထမ်းများ စာပေဗဟုသုတအတွေးအခေါများ ရင့်သန်ပြီး ပြည်သူများအား စာပေဗဟုသုတများ တစ်ဆင့်ပြန်လည်မျှဝေပေးနိုင်ရန် ရည်ရွယ်၍ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီးစာရေးဆရာ ``နိုက်´´၏ ``သမီးနှင့်သားသို့ပေးစာများ´´ စာအုပ်ပါ  ကိုယ့်ပတ်ဝန်းကျင်ခေါင်းစဉ်ပါ အကြောင်းအရာအား ဆွေးနွေးပြီး Book Club အဖွဲ့၀င်ဦးမြသန်းက``ပညာသင်ယူမယ်´´ ခေါင်းစဉ်ဖြင့်လည်းကောင်း Book Club အဖွဲ့၀င် ဦးကျော်မြင့်နှင့် ဦး၀င်းတင်တို့က ``ဘာဖြစ်လို့စာဖတ်ရမှာလဲ ´´ခေါင်းစဉ်ဖြင့်လည်း ကောင်း ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများနှင့်တက်ရောက်လာသူ ကျောင်းသူလေးတို့က အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)