ပျဉ်းမနား ဇန်နဝါရီ ၂၃
ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ပြီး အားကစားအဆင့်အတန်း တိုးတက်ကောင်းမွန်လာကာ ကျန်းမာကြံ့ခိုင်တဲ့ လူငယ်လူရွယ်များပေါ်ထွန်းလာစေရန်၊ အားကစားစိတ်ဓာတ်ကို အခြေခံပြီး ကာယ၊ ဉာဏ၊ စာရိတ္တ ကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်ထောင် စုနယ်မြေ ကိုယ်စားပြု အားကစားသမားကောင်းများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ နေပြည်တော်ကောင်စီ အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲကို ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားခန့်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်ကောင်စီ အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ်တို့မှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိပြီး ပြိုင်ပွဲကို အကြီးတန်း အသင်းလိုက်(၅)ဦးပြိုင်ပွဲ၊ အကြီးတန်းအသင်းလိုက်(၃)ဦးပြိုင်ပွဲနှင့် အကြီးတန်း တစ်ဦးချင်းပြိုင်ပွဲများ ထည့်သွင်းယှဉ်ပြိုင်ကျင်းပကာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကိုယ်စား ပြုအားကစားသမားကောင်းများ ရွေးချယ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုနယ်မြေအားကစား နှင့်ကာယပညာဦးစီးဌာနထံမှ သိရသည်။
ခန့်ဝင်းကျော်(ပြန်/ဆက်)