နတ်မောက်မြို့နယ် ရွာတော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

နတ်မောက်   ဇန်နဝါရီ       ၂၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ရွာတော်ကျေးရွာအုပ်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့နံနက်(၉)နာရီအချိန်ခန့်က ရွာတော် ကျေးရွာအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် အသက်(၁၀)နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်လာရောက်ပြုလုပ်သူကျား(၂၆)ဦး၊မ(၃၇)ဦး၊ အသက် (၁၈) နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်လာရောက်ပြုလုပ်သူ ကျား(၁)ဦး၊ မိတ္တူ မ(၁)ဦး စုစုပေါင်း (၆၅)ဦးအား ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နတ်မောက်မြို့နယ်ဦးစီးမှူးရုံးအနဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို  မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများရှိဒေသခံပြည်သူများ၊အခြေခံပညာကျောင်းများသို့အရောက် လိုက်လံဆောင်ရွက်ပေးလျက်ရှိပြီး ပန်းခင်းစီမံချက်နှင့်ပတ်သတ်၍ အသိပညာပေးဆွေးနွေးခြင်း၊ လက်ကမ်း စာစောင်များဝေငှခြင်း၊ မြေစိုက်ပိုစတာများစိုက်ထူခြင်း စသည့်ပညာပေးအစီအစဉ်များကို စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဦးမျိုးတင့်ထံမှ သိရသည်။

သင်းသင်းမြတ်