သတင်းများ

မန်စံကျေးရွာအုပ်စုရှိ တိုင်းရင်းသားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခြင်းနှင့် ထပ်မံရရှိစေရေး ကွင်းဆင်းဆောင်ရွက်
Jan 23,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ မန်စံကျေးရွာ အုပ်စုအတွင်းရှိ သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် တိုင်းရင်းသားပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခြင်းနှင့် ထပ်မံရရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇန်နဝါရီလ (၂၂)ရက်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့ နယ်၊ မန်စံကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သည်။
လယ်ဝေးမြို့နယ်ရုံး Community Centreတွင် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်Talk Show ကျင်းပ
Jan 23,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre(လူထုအခြေပြုဗဟိုဌာန) တွင် ယမန်နေ့ ညနေ(၃)နာရီက စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် Talk Show ကျင်းပသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပူတာအိုဒေသအတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ စားနပ်ရိက္ခာဖူလုံစေရေးနှင့် ရဝမ်ရိုးရာယဉ်ကျေးမှုပြတိုက် ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Jan 23,2022
မြန်မာပြည်မြောက်ဖျား ပူတာအိုခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၂ ရက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မွန်ပြည်နယ်တွင် အားကစားကဏ္ဍအဆင့်မြင့်မားရေး စွမ်းရည်ထက်မြက်သည့် နိုင်ငံ့လက်ရွေးစင်အားကစားသမားကောင်းများ မွေးထုတ်ပေးလျက်ရှိ
Jan 23,2022
အားကစားနှင့်   လူငယ်ရေးရာဝန်ကြီးဌာန၊ မွန်​ပြည်နယ်အားကစားနှင့်   ကာယပညာဦးစီး ဌာနက ကြီးမှူး၍ အားကစားနည်းအလိုက် ပြိုင်ပွဲများကို ကျင်းပပေးရာတွင်  ၂၀၂၂ခုနှစ်၊ မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက် (၂၅)နှစ်အောက်အမျိုးသမီးကိုယ်ကာယကြံ့ခိုင် မှုလေ့ကျင့်ခန်းပြိုင်ပွဲ   ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီခွဲက   မော်လမြိုင်မြို့၊  ဖက်တန်းရပ်၊ပြည်နယ်အားကစားခန်းမတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့်ဇနီး ၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီး၊   ဌာနဆိုင်ရာတာဝန်ရှိသူများ၊   ပြိုင်ပွဲဝင်  အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
နတ်မောက်မြို့နယ် ရွာတော်ကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေးအတွက် ဌာနဆိုင်ရာအဖွဲ့များမှ ကွင်းဆင်းဆောင်ရွက်
Jan 23,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ရွာတော်ကျေးရွာအုပ်စု ရွာတော်ကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့် ဌာနဆိုင်ရာအဖွဲ့များက ယမန်နေ့နံနက် (၁၀) နာရီအချိန်ခန့်က ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ၍ ကွင်းဆင်းဆွေး နွေးခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းမြို့တွင် “ ဘဝတွက်တာ အရေးပါ” ကဗျာသံပေါက်များ စာအုပ်မိတ်ဆက်ပွဲကျင်းပ
Jan 23,2022
စစ်ကိုင်းမြို့တွင် မဲခေါင်စာပေဆုရ ဦးဖေသန်း(ဆရာနေမင်းသန်း) ရေးသားပြုစုသည့် “ဘဝတွက်တာ အရေးပါ” ကဗျာသံပေါက်များ စာအုပ်မိတ်ဆက်ပွဲကို စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ Community Centre ခန်းမ၌ ယမန် နေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် "သုတပျိုးခင်း"စာကြည့်တိုက်ဖွင့်ပွဲနှင့်အဆောက်အဦ လှူဒါန်းအပ်နှံပွဲအခမ်းအနားကျင်းပ
Jan 23,2022
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်လမ်းခွကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ "သုတပျိုးခင်း"စာကြည့်တိုက်ဖွင့်ပွဲနှင့် အဆောက်အဦ လှူဒါန်းအပ်နှံပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲ အချိန်က  အဆိုပါ ကျောင်းဝန်းအတွင်း၌  ကျင်းပခဲ့ကြောင်းသိရသည်။
‌ကာလိမြို့၌ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်း ပြုလုပ်ပေးလျက်ရှိ
Jan 23,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကာလိမြို့၊ အမှတ်(၁)ရပ်ကွက်နေ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်း ပြုလုပ်ပေးလျက်ရှိရာ ယနေ့ နံနက် (၉) နာရီ အချိန်ခန့်က ကာလိမြို့ နမ့်ခုံးရှမ်းများ ပရဟိတခန်းမ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။