ကာလိ ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကာလိမြို့၊ အမှတ်(၁)ရပ်ကွက်နေ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်း ပြုလုပ်ပေးလျက်ရှိရာ ယနေ့ နံနက် (၉) နာရီ အချိန်ခန့်က ကာလိမြို့ နမ့်ခုံးရှမ်းများ ပရဟိတခန်းမ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ပေးမှုတွင် ကာလိမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့ဦးစီးမှူး ဦးစိုင်းထွန်းဆာက ဝန်ထမ်းများကို ဦးဆောင်ပြီး အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းခမ်းလူနှင့် ပူးပေါင်းကာ (၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့် ပြည်သူများတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြရာ နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်ပြုလုပ် ကြသည့်ပြည်သူများ (၇၀)ဦး ရှိကြောင်းသိရသည်။ ဆက်လက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ကျန်ရှိသည့် ပြည်သူများကိုလည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့ဦးစီးမှူး ဦးစိုင်းထွန်းဆာ ထံမှသိရသည်။
ဝင်းကျော်(ကာလိ)