လယ်ဝေးမြို့နယ်ရုံး Community Centreတွင် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်Talk Show ကျင်းပ

လယ်ဝေး ဇန်နဝါရီ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre(လူထုအခြေပြုဗဟိုဌာန) တွင် ယမန်နေ့ ညနေ(၃)နာရီက စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် Talk Show ကျင်းပသည်။

အဆိုပါ Talk Show တွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝေကြည်စန်းအောင်၊ စာရေးဆရာမ ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)၊ စာရေးဆရာ အလင်းရောင်တို့က ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ၊ ပြည်ထောင်စုဆိုတာ၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများနှင့် ပြည် ထောင်စုသားအားလုံး၏ အမျိုးသားရေးတာဝန် စသည့်အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Showများ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ ရွှေသွေးကာတွန်း၊ အားကစားလှုပ်ရှားမှု၊ သင်တန်းစသည့် အစီအစဉ်များကိုရိုက်ကူး၍ Onlineမှ တင်ဆက်ပေးလျှက်ရှိရာ စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် Talk Show အစီအစဉ်ကိုလည်း We Love Leiway Page တွင် နှစ်ပိုင်းခွဲ၍ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)