ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၁၁၇၃)ဧက ရေပေးဝေနေသည့် အထက်လင်းဇင်းမြောင်းအား ပြန်လည်ပြုပြင်
Jan 24,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးသီးနှံများ စိုက်ပျိုးရာတွင် ရေပြည့်ဝစွာပေးဝေနိုင်ရေးအတွက် သဲနှုန်းများတူးဖော်ပေးခြင်း၊ မြောင်းကြမ်းပြင်များနှင့် မြောင်းဘောင်နံရံများအား ပြန်လည်ပြုပြင်ပေးခြင်း၊ ရေပေးပြွန်များအား အသစ်ပြောင်းလဲတပ်ဆင်ပေးခြင်း၊ ရေတံခါးများနှင့် ရေကျအဆောက်အဦးများအား ပြန်လည် ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း စသည့် လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် သီးနှံမျိုးစုံ (၁၁၇၃) ဧက ရေပေးဝေနေသည့် အထက်လင်းဇင်းမြောင်းအား ကြမ်းခင်းကွန်ကရစ်လောင်းခြင်းနှင့် ပျက်စီးနေသည့် ကျောက်ဆလံများအား ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရှိရသည်။