နတ်မောက် ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ရွာတော်ကျေးရွာအုပ်စု ရွာတော်ကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့် ဌာနဆိုင်ရာအဖွဲ့များက ယမန်နေ့နံနက် (၁၀) နာရီအချိန်ခန့်က ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ၍ ကွင်းဆင်းဆွေး နွေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိဌာနဆိုင်ရာများက မြို့နယ်အတွင်း ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများနှင့် ရပ်ရွာအေးချမ်းသာယာရေး လုပ်ငန်းများအတွက် လာရောက်ရှင်းလင်း ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်ဆေးထိုးစုရပ်များတွင် ဆေးထိုးအကြိမ်ရေပြည့်စွာ ထိုးနှံကြရန်၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ကျေးရွာရှိ ဒေသခံပြည်သူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးကြရန်ရှင်းလင်းပြောကြားခဲ့ကြသည်။ ထို့နောက် ကျေးရွာရှိပြည်သူများမှလည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်သိလို သည့်အကြောင်းအရာများကို မေးမြန်းခဲ့ကြရာ တာဝန်ရှိဌာနဆိုင်ရာများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
လှဝင်း