သဲကုန်း ဇန်နဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း ရင်သွေးငယ်ကလေးများ၏ (၂၀၂၁/၂၀၂၂)ပညာသင်နှစ် ကာယစွမ်းရည် ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲ အချိန်က သဲကုန်းမူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဉ်ထွေးမှ အဖွင့်အမှာစကား ပြောကြားပြီး ပြည်ခရိုင် လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာစိန်မှ အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး သဲကုန်းမူလတန်းကြိုကျောင်း မိဘဆရာအသင်း နာယကကြီး ဦးတင်ဦးမှ အမှာစကား ပြောကြားပြီး သဲကုန်းမူလတန်းကြိုကျောင်း ရင်သွေးငယ်များ၏ ကာယစွမ်းရည်ပြိုင်ပွဲများကို အစီအစဉ်အလိုက် ကျင်းပခဲ့သည်။
ထို့နောက် ဆုရရှိသော ရင်သွေးငယ်များအား ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် အလှူရှင်များမှ ဆုများ အသီးသီး ချီးမြှင့်ခဲ့ပြီး သဲကုန်းမူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သီရိမွန်မှ ကျေးဇူးတင် ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဉ်ထွေး၊ ပြည်ခရိုင် လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာစိန်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ မိဘဆရာအသင်းမှ တာဝန်ရှိသူများ၊ ကျောင်းသား မိဘများ ၊ အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချစ်နှင်းသုန်