မြစ်သားမြို့၌(၇၅)နှစ်မြောက်စိန်ရတုအထိမ်းအမှတ် ပြည်ထောင်စုနေ့(အကြို)စာဖတ်စွမ်းရည်ပြိုင်ပွဲ နှင့်စက္ကူခေါက်ပြိုင်ပွဲများကျင်းပ

မြစ်သား   ဇန်နဝါရီ   ၂၁

 

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ပြည်ထောင်စုနေ့ (အကြို) စာဖတ်စွမ်းရည်ပြိုင်ပွဲ နှင့်စက္ကူခေါက်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။

(၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ပြည်ထောင်စုနေ့ (အကြို) စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်စက္ကူခေါက် ပြိုင်ပွဲများကျင်းပရာတွင် ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သီတာအောင်က ကလေးငယ်များ ကျောင်းစာအပြင် အခြားဗဟုသုတများ တိုးပွားစေရန်၊ ကာယဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စာကြည့်တိုက် ကိုသိရှိပြီး စာဖတ်ခြင်းအား စိတ်ဝင်စားလာ စေရန်ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး အခြေခံပညာ မူလတန်းကျောင်း(ပေတော)နှင့် အခြေခံပညာမူလတန်းကျောင်း မြို့မအနောက်မှ ကျောင်းသား/သူ (၂၂)ဦး လာရောက် ယှဉ်ပြိုင်ခဲ့ကြပြီး  ပြိုင်ပွဲတွင်ဆုရရှိသူများအား ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သီတာအောင်နှင့် တာဝန်ရှိသူများက  ဆုများပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြမြမွန်