ကော့ကရိတ် ဇန်နဝါရီ ၂၁
၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူများ ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အသင်းအဖွဲ့အလိုက် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ မှတ်မှု အသိဉာဏ် ပိုမို ထက်မြက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်နှင့် ပြည်ထောင်စုစိတ်ဓါတ် ရှင်သန်နိုးကြားလာစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားပြိုင်ပွဲ၊ သစ်သီးနှင့် တိရစာ္ဆန် ယှဉ်တွဲကစားနည်းများကို ယနေ့ နံနက် (၉)နာရီခွဲအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့ကရိတ် ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လှလှနွယ်က ပြိုင်ပွဲများ ကျင်းပ ပြုလုပ်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ထို့နောက် အမက (၁၇)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၇)ဦးတို့က အဖွဲ့ (၄)ဖွဲ့ခွဲ၍ ဘိုလင်းပစ်ပြိုင်ပွဲနှင့် သစ်သီးနှင့် တိရစာ္ဆန် ယှဉ်တွဲကစားနည်းများကို ပျော်ရွှင်စွာ ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မျိုးဝင်းက အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိသည့် အဖွဲ့များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)