ရေဖြူမြို့နယ်၊ ပရဒတ်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ရေဖြူ  ဇန်နဝါရီ ၂၁

လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊  ထား၀ယ်ခရိုင်၊ ရေဖြူမြို့နယ် မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးမြင့်နှင့် ၀န်ထမ်းများက ယမန်နေ့ နံနက်(၉) နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် ပရဒတ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရေဖြူမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမျိုးမြင့်နှင့် ၀န်ထမ်းများက ရေဖြူမြို့နယ်၊ ထိန်ကြီးကျေးရွာအတွင်း နေထိုင်လျက်ရှိသည့် ကျေးလက်နေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားကို အသက် (၁၀) နှစ်ပြည့်(၄၃) ဦး၊ အသက်(၁၈)နှစ်ပြည့် (၃၅)ဦး၊ အသက်(၁၈)နှစ်ပြည့်လဲလှယ်ပေးခြင်း(၁၁) ဦး၊ မိတ္တူ (၁၁) ဦးတို့အား ဆောင်ရွက်ပေးခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း (၁၀၀)ဦးအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်း၍၂၀၂၁ခုနှစ် မေလ ၃ ရက်နေ့မှ စတင်ကာ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ  ဆောင်ရွက် ပေး‌နေကြောင်း သိရသည်။

ခတ္တာ