မြစ်သား ဇန်နဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ တိုင်းရင်းဆေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကိုယနေ့မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး)ဒေါ်သီတာအောင်က ဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြား ပြီး၊ မြို့နယ်တိုင်းရင်းဆေးကုဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်းက ဆလပ်ရွက်ကို ဖျော်ရည်လုပ်ပြီး တစ်ပတ်လျှင်သုံးကြိမ်၊ တစ်ကြိမ်လျှင်ဖန်ခွက်တစ်ခွက်သောက်ပေးလျှင် လေးလနှင့်ခြောက်လအတွင်း ကိုယ်တွင်းကသွေးပြစ်မှုနှင့်သွေးကြောပိတ်ဆို့မှုကိုကာကွယ် ပေးနိုင်ကြောင်း၊ ဆလပ်ရွက် မှာပါဝင်တဲ့ ဟိုက်ပိုကလီဗစ်အင်ဆူလင်က လူရဲ့ကိုယ်တွင်းသွေးထဲက သကြားဓာတ် ပါဝင်ကိန်းကိုလျော့ချပေးနိုင်သည့်အပြင် သွေးထဲမှာဖြစ်ပေါ်လာသည့် အဆိပ်ဓါတ်ကိုပါ ဖယ်ရှားပေး နိုင်ကြောင်းဆလပ်ရွက်မှာပါဝင်သည့်ဒြပ်စင်တွေက မျက်စိအမြင် စိတ်ကြည်လင်အောင် အထောက် အကူပြုနိုင်သဖြင့် အမြင်အာရုံနိမ့်ကျနေသူတွေ ဆလပ်ရွက်ကိုပုံမှန်စားသုံးသင့်ကြောင်း၊ ဆလပ်ရွက်ဟာ အဖိုးတန်ဓာတ်စာတွေ၊ ဗီတာမင်တွေပါဝင်ပြီးအူကိုအထောက် အကူပြုကြောင်း၊ ဝလွန်းတဲ့သူတွေက ဆလပ်ရွက်ကို ရှောက်ချဉ်သီးရည်နှင့် စားပေးပါက အဆီဓါတ်ဖယ်ရှားပေးနိုင်ကြောင်း၊ ဆလပ်ရွက်၏ဆေးဖက်ဝင်တန်ဖိုးဟာ ဗီတာမက်အေ၊ ဘီ၊ စီတို့အပေါ်မူတည်ကြောင်း၊ ဆလပ်ရွက် ဟာသွေးအားနည်းရောဂါအတွက် အကောင်းဆုံးသော သံဓာတ်ပါဝင်သည့် သံဓာတ်အားဆေး ဖြစ်ကြောင်း၊ စိတ်တက်ကြွလွယ်ခြင်း၊ စိတ်မခိုင်ခြင်း၊ နှလုံးမငြိမ်ခြင်း၊ ကြောက်ရွံ့ခြင်းနှင့် နှလုံးတုန် ရင်ခုန်ခြင်းအတွက် ဆလပ်ရွက်ကို အမှုန်.ပြုလုပ်ပြီးသောက်သုံးနိုင်ကြောင်း၊ ဆလပ်ရွက်ဟာ ရောင်ရမ်းခြင်း အဆုတ်လေပြွန်ရောင်ခြင်း၊ ပန်းနာရောဂါ၊ ကြပ်ညှာရောဂါ၊ လေရှုပြွန်ရောင်ပြီး ချောင်းဆိုးခြင်း၊ ရိုးရိုးအိပ်မပျော်ခြင်း၊ စိတ်ရောဂါများပြီး အိပ်မပျော်ခြင်းများ သက်သာပျောက်ကင်း သည့်အပြင်ကျောက်ကပ်ရောဂါဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ကြောင်းစသည်သည်တို့ကို အသိ ပညာပေးဆွေးနွေး ပြောကြားသည်။
မြမြမွန်(မြစ်သား)