ထား၀ယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် “(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်း အမှတ်” အကြို စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ထား၀ယ်  ဇန်နဝါရီ  ၂၁

ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် “(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်” အကြို စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ က ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက  ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ကျောင်းသား/သူများ၏ပြိုင်ပွဲ ရလဒ်အမှတ်များနှင့် ဆုရွေးချယ်ရာတွင် ပါဝင်သည့် အချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ထူးပြည့်ကောင်းကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိန်ရှင်းက ဆုများပေးအပ်ချီးမြှင့်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူနှင့် ဝန်ထမ်းများက ပြိုင်ပွဲဝင်ကျောင်း သား၊ ကျောင်းသူအားလုံးကို ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ကာ ပြိုင်ပွဲအကဲဖြတ်ပေးကြသည့် ဆရာမများအား ဂုဏ်ပြုလက်ဆောင်ပေးအပ် သည်။

ထို့နောက် ဆုရကျောင်းသား/သူများကိုယ်စား ဆုရကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ကေကေအယ်လ်