ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအားငှားရမ်းပေးလျက်ရှိ

ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၂၁

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား စာပေဗဟုသုတများတိုးပွားလာစေရေး ကိုယ်တိုင်တွေးခေါ်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအမြင်များနှင့် ဝေဖန်ခွဲခြားဆုံးဖြတ်တတ်‌သောတတ်လာစေရေး စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာတတ်သောအလေ့ အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်ပြီး ရပ်ကွက်များ အတွင်းသို့ကွင်းဆင်း သွားရောက်ကာ မိုဘိုင်းစနစ်ဖြင့် အိမ်တိုင်ရာရောက် သုတ ရသ စာအုပ် စာစောင်များအား စနစ်တကျ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့မိဘပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား ငှားရမ်းပေးလျက်ရှိရာ၌ ယနေ့နံနက်ပိုင်းအချိန်က အဆိုပါဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၆)ရပ်ကွက်သို့ သွားရောက်ပြီး ရပ်ကွက်အတွင်းရှိမိဘပြည်သူများအား အိမ်တိုင်ရာရောက် သုတ ရသနှင့် ကာတွန်းရုပ်ပြ စာအုပ်/စာစောင်များကိုမိုဘိုင်းစနစ်ဖြင့် ကွင်းဆင်းကာ စနစ်တကျ ငှားရမ်း ပေးခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး