အလုံမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရေနှင့် ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများအား သန့်ရှင်းရေးပြုလုပ်

အလုံ ဇန်နဝါရီ ၂၁

မြို့သန့်ရှင်းသာယာလှပစေရေနှင့် ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ရည်ရွယ်ကာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ယနေ့ နံနက်(၈)အချိန်က စတင်ကာ  ရေမြောင်းများအား သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွေင် အလုံမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ  လက်ထောက် အုပ်ချုပ်ရေးမှူး ဦးရဲထက်ဦး၏ ဦးဆောင်ကြီးကြပ်မှုဖြင့်  မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးနှင့် စည်ပင်သာယာ ရေစီးရေလာဌာနမှ ဝန်ထမ်းများက ​စော​တောင် ရပ်ကွက်၊ ငုဝါလမ်း၊ အလုံစျေး​ရှေ့ရှိ ရေမြောင်းရှင်းများအတွင်းရှိ  ပိတ်ဆို့နေသော အမှိုက် များ ဆယ်ယူခြင်း၊ မြောင်းချေးများ သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် ​ရေစီး​ရေလာကောင်းမွန် ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

အလုံမြို့နယ် စည်ပင်သာယာရေး ကော်မတီအနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။

မြို့နယ် ပြန်/ဆက်