အလုံ ဇန်နဝါရီ ၂၁
ကျောင်းသား၊ လူငယ်များ ပြည်ထောင်စုနေ့ဆိုင်ရာ ဗဟုသုတများကို သိရှိနားလည်စေရန်၊ ဉာဏ်ပညာစွမ်းရည်၊ အနုပညာစွမ်းရည်များ တိုးတက်လာစေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက် သည့် ကျောင်းသား၊ လူငယ်များ ဖြစ်လာစေရန်အတွက် ရည်ရွယ်ကာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ဟောပြောပွဲနှင့် ပုံပြောပြိုင်ပွဲကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ရန်ကုန် အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်ပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ ဒုတိယမြို့နယ် ဦးစီးမှူး ဒေါ်ခိုင်ဇာလင်းက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှု အားဖြင့် ပင်လုံစာချုပ် လက်မှတ်ရေးထိုးပြီး လွတ်လပ်ရေးရအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံ စသည်ဖြင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို အသိပညာပေးပြောကြားခဲ့ သည်။
ဆက်လက်၍ ပြိုင်ပွဲများကျင်းပရာ ပုံပြောပြိုင်ပွဲတွင် မူလတန်း ကျောင်းသား၊ ကျောင်းသူ (၁၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ ကြောင်း သိရှိရသည်။
မြို့နယ် ပြန်/ဆက်