ခရမ်း ဇန်နဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Center ခန်းမတွင် ယမန်နေ့မွန်းလွဲ (၁) နာရီ အချိန်က စာရေးဆရာ နတ်သျှင်(ရွှေဂူ) ရေးသားသည့် လူငယ်များကို ပျိုးထောင်ပေးပါစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ မြို့နယ် Women Club အဖွဲ့ဝင်များ၊ Youth Club အဖွဲဝင်များ တက်ရောက်ခဲ့ကြပြီး မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းဝေက စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက် များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်ကြသူများက ဆရာရေးဆရာ၏ အဓိကထားသင့်သည့် လူငယ်များကို ပြုစုပျိုးထောင်နည်းစနစ်နှင့် ကျင့်ကြံနေထိုင်နည်းတို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုမင်း (ခရမ်း)