ချောင်းဦးမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေး

ချောင်းဦး ဇန်နဝါရီ  ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Online မှတဆင့် အသိပညာပေးများ ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ မွန်းတည့် ၁၂နာရီအချိန်က ပွင့်လင်းရာသီသို့ ရောက်ရှိတော့မည် ဖြစ်သဖြင့် ပြည်သူများအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကျင်းပခဲ့သည်။

ဆွေးနွေးပွဲအား ချောင်းဦးမြို့ မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးချမ်းငြိမ်းအောင် ကို ဖိတ်ကြားပြီး ဆွေးနွေးခဲ့ရာ မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်()ချက်၊ ချောင်းဦး မြို့နယ်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံထားချက်များ၊ ချောင်းဦး မြို့နယ်တွင် ၂နှစ်အတွင်း မီးလောင်မှု့ ()ကြိမ်သာ ဖြစ်ပွါးခဲ့သည့်အတွက် အခြား မြို့နယ်များနှင့်ယှဉ်လျှင် ထိခိုက်မှု့နည်းကြောင်း၊ မြို့နယ်အတွင်း နေထိုင်ကြသည့် ပြည်သူများ မီးဘေးလုံခြုံရေးအတွက် တိုက်တွန်းချက်များကို ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထိန်လင်းနှင့် ဆွေးနွေးခဲ့သည်။

ရည်မှန်းချက်တာဝန် ချောင်းဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက် တာဝန်()ချက်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်နေကြောင်း ဆွေးနွေးသွားသည်။

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ကျွန်တော်တို့ မီးသတ်ဦးစီးဌာန အနေနဲ့ ပွင့်လင်းရာသီ ရောက်တာနဲ့ မြို့ထဲကိုလှည့်လယ်ပြီး တအိမ်တက်ဆင်း စစ်ဆေး ပညာပေးရပါတယ်။ သတိမူရေးအတွက် လက်ကမ်း စာစောင်တွေ ဝေငှပေးသလို အများပြည်သူတွေ မြင်သာတဲ့ နေရာတွေမှာ မီးသတိမူရေး ပိုစတာတွေစိုက်ထူပြီး ပညာပေးပါတယ်။ တစ်အိမ်တက်ဆင်း လိုက်လံပြီး အိမ်တိုင်းမှာ မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းတွေ ထားရှိမှု ရှိ/မရှိကို စစ်ဆေးသတိပေးပါတယ်။

ချောင်းဦးမြို့နယ်သည် မီးလောင်ဆုံးရှုံးမှုအနည်းဆုံး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ကနေ ယနေ့ အချိန်အထိ ချောင်းဦးမြို့နယ်မှာ မီးလောင်မှု ()ကြိမ်ဖြစ်ပွါးပြီး ဆုံးရှုံးမှုတန်ဖိုး ၆၁ သိန်း ၆ထောင်ကျပ်ခန့် ဆုံးရှုံးပါတယ်။ အခြားမြို့နယ်တွေနဲ့ စာယင်တော့ ချောင်းဦးမြို့နယ်မှာ မီးဘေးအန္တရာယ် ကျရောက်တဲ့ အကြိမ်အရေအတွက် နည်းပါတယ်။ ၂နှစ် အတွင်းမှာ ၄ ကြိမ်ဘဲ ကျရောက်ခဲ့ပါတယ်။

ပြည်သူများသို့ တိုက်တွန်း ပြည်သူတစ်ရပ်လုံးအနေနဲ့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ စစ်ဆေး သတိပေး၊ အသိပညာပေးတဲ့အခါမှာ စနစ်တကျ လိုက်နာပြီးတော့ နေထိုင်သွားကြမယ် ဆိုရင်တော့ တစ်မြို့နယ်လုံးအတွက် မီးဘေးလုံခြုံရေး ပိုပြီးစိတ်ချရမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ အရေးပေါ် မီးလောင်မှု၊ မီးလန့်မှု့ ဖြစ်ပေါ်လာတဲ့ အခါမှာလဲ မီးသတ်ဦးစီးဌာန ဖုန်းနံပါတ်ကို အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးဖို့ လိုပါတယ်။ အမြန်ဆုံးသိမှသာ ကျွန်တော်တို့က အမြန်ဆုံးသွားရောက်ပြီး အမြန်ဆုံး ငြိမ်းသတ်နိုင်မှာ ဖြစ်ပါတယ်။

ဝင်းမြင့်အောင်(ပြန်/ဆက်)