မိုင်းဆတ် ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့ ကောင်းမှုတန်ကျေးရွာ၌ Quarantine ဝင်ရောက်နေသူများနှင့် ဆိုက်ခေါင်ကျေးရွာရှိ အဆောက်အအုံအား Quarantine Centre အဖြစ်ပြင်ဆင်ဆောင်ရွက် နေမှုအား ယမန်နေ့နံနက်(၉)နာရီက တာဝန်ရှိသူများကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ခရိုင်ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် တာဝန်ရှိသူတို့က ကောင်းမှုတန်ကျေးရွာတွင် Quarantine ဝင်ရောက်နေသူများအား နေထိုင်မှု အဆင်ပြေစေရန် ကျေးရွာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များမှာကြားကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဆိုက်ခေါင် ကျေးရွာတွင် Quarantine Centre အဖြစ်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေအားသွားရောက်ကြည့်ရှုစစ်ဆေးပြီး Quarantine ဝင်ရောက်သူများ အဆင်ပြေစွာ နေထိုင်နိုင်ရေး အတွက် အိပ်ဆောင်များဖွဲ့စည်းဆောင်ရွက်ရေး၊ ကုတင်များ ဖြည့်တင်းထားရှိရေး၊ သောက်သုံးရေ ရရှိရန် ပြင်ဆင်ဆောင်ရွက်ရေး၊ လျှပ်စစ်မီးနှင့် ပလပ်ခုံများပြင်ဆင် ထားရှိရေး၊ ရေချိုးခန်း၊ ရေကန်၊ မိလ္လာများ ပြင်ဆင်ဆောင်ရွက်ရေး လိုအပ်သည်များ ကိုဖြည့်ဆည်းဆောင် ရွက်ပေးရေး တာဝန်ရှိသူတို့အား မှာကြားခဲ့ကြောင်းသိရသည်။
အဆိုပါ စစ်ဆေးရေးအဖွဲ့တွင် ခရိုင်ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် ကော်မတီဝင်များပါဝင်ကြောင်း သိရသည်။
မြင့်မောင်