သတင်းများ

ဗဟန်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်​ထောင်စု​နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ
Jan 22,2022
ဗဟန်းမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးဌာန၊ မြို့နယ်စာရေးဆရာ အသင်းနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုပြည်​ထောင်စု​နေ့အထိမ်းအမှတ် အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း)၊ Community Centre ဘက်စုံသုံးခန်းမ၌ ကျန်းမာ​ရေးဝန်ကြီးဌာနမှ ထုတ်ပြန်​ကြေညာထားသည့် ကိုဗစ်-၁၉ ကပ်​ရောဂါ ကာကွယ်​ရေးစည်းကမ်းချက်များ၊ လမ်းညွှန်ချက်များနှင့် အညီ ကျင်းပသည်။
တန့်ယန်းမြို့ သန့်ရှင်းသပ်ရပ် သာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းညှိနှိုင်း
Jan 22,2022
ရှမ်းပြည်နယ်(​မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့သန့်ရှင်းသပ်ရပ်သာယာလှပစေရန်နှင့် ပြည်သူများ စိတ်အပန်းပြေစေနိုင်ရန် အတွက် ပန်းခြံများ၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ရေးကွင်းများ၊ လမ်းဆုံများနှင့် လမ်းဘေးဝဲယာတို့တွင် အမြင်တင့်တယ်စေရန် အတွက် မြေယာရှုခင်းနှင့်ပန်းအလှစိုက်ခင်းများ၊ ရေစီးရေလာကောင်းမွန်စေရန် အမှိုက်ကင်းသော ရေနှုတ်မြောင်းများဖြစ်စေရေး တို့ကို မြို့နယ်စည်ပင်သာယာရေးဌာနမှ ဘဏ္ဍာနှစ်လိုက် ခွင့်ပြုရန်ပုံငွေပေါ်မူတည်လျက် ဆောင်ရွက်ပေးနေလျက်ရှိရာ မြို့သန့်ရှင်း သပ်ရပ် သာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အခြေခံပညာကျောင်းများတွင် နို့တိုက်ကျွေး
Jan 22,2022
အခြေခံပညာမူလတန်းအရွယ် ကျောင်းသား၊ကျောင်းသူများ နို့သောက်သုံးပေးခြင်းဖြင့် အာဟာရ ပြည့်ဝပြီး ကျန်းမာသန်စွမ်း၍ ဉာဏ်ရည်မြင့်မားတိုးတက်စေရန်၊ နို့သောက်သုံးသည့် အလေ့ အကျင့်ကောင်းများရရှိစေပြီး ဉာဏ်ရည်ထက်မြတ်၍ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ကြီးထွားစေသည့် အကျိုးကျေးဇူးများ ရရှိစေရန်အတွက်  ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နှင့် ပတ်ဝန်းကျင်ဒေသများရှိ အခြေခံပညာ မူလတန်းကျောင်းများတွင် နို့နှင့်ကြက်ဥ များ တိုက်ကျွေးခဲ့ကြသည်။
မန်ကန်မြို့တွင် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲ(အိုမီခရွန်)ရောဂါပိုး မကူးစက်စေရေး(ဝ၊ ရှမ်း၊ ဗမာ) ဘာသာစကား(၃)မျိုးဖြင့် အသိပညာပေးနှိုးဆော်
Jan 22,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့တွင်ဇန်နဝါရီလ (၂၁)ရက်၊ နံနက်ပိုင်းကကိုဗစ်-၁၉ရောဂါ၏ ဗီဇပြောင်းမျိုးကွဲ တစ်မျိုးဖြစ်သည့်(အိုမီခရွန်)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာသင့်သည့် နည်းလမ်းများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Jan 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်များ အရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၈)နာရီမှ ညနေ (၃)နာရီ အထိ  ငမိုးရိပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းခတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ငွေတိုက်ခွဲ)တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ
Jan 22,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ငွေတိုက်ခွဲ)၌ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင် လစာငွေများကို ယနေ့နံနက် ၉ နာရီခွဲအချိန်က စတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးလျက် ရှိကြောင်းသိရသည်။