မိုင်းဆတ် ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဇန်နဝါရီလ(၁၈)ရက်နေ့ညက လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများသို့ ယမန်နေ့နံနက်(၁၀)နာရီခွဲက တာဝန်ရှိသူများ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မယ်ဆွမ်မြောက်ရပ်ကွက်ရှိ မြို့မဘုန်းတော်ကြီးကျောင်းအတွင်းမှ ဓမ္မာရုံဘုံဆင့်ထိခိုက်ပျက်စီးမှု၊ သိမ်ကျောင်းဆောင်အမိုးနှင့် ထီးတော်ထိခိုက်ပျက်စီးမှု၊ အုတ်တံတိုင်းထိခိုက်ပျက်စီးမှု၊ မယ်ဆွမ်တောင် ရပ်ကွက်ရှိ မြို့ဦးကျောင်းဝန်း အုတ်တံတိုင်းလဲပြိုပျက်စီးမှုနှင့် ကျဒယ်ရပ်ကွက်ရှိ မဟာမြတ်မုနိကျောင်း အတွင်းရှိစေတီတော် ထီးတော်ထိခိုက်မှုတို့ကို ပြန်လည် ပြုပြင်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်စစ်ဆေး ခဲ့ကြောင်း သိရသည်။
မြင့်မောင်