Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ဗန်းမောက်မြို့ မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြ
Jan 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကာကွယ်သရုပ်ပြခြင်းနှင့် အသိပညာပေးခြင်းတို့ကို ယမန်နေ့က မြို့မဈေး၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြိုနယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူ (၉၂၉)ဦး ဝင်ရောက်ဖြေဆိုမည်
Jan 21,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၉ ရက်အထိ ပြုလုပ်ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းတွင်းဖြေဆိုရန် (၇၃၂)ဦးနှင့် ပြင်ပဖြေဆိုသူ (၁၉၇) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၉၂၉)ဦးတို့က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုရန် အတွက် လျှောက်လွှာများ တင်သွင်းထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ
Jan 21,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်နေလျက်ရှိရာ ယနေ့ နံနက် (၁၀)နာရီတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ပျဉ်းမနားမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့၌ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများ စတင်ထုတ်ပေးလျက်ရှိ
Jan 21,2022
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ယနေ့မှစ၍ နံနက် ၅ နာရီမှမွန်းလွဲ ၂ နာရီထိ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့ လူထုအခြေပြုဗဟိုဌာန၌ သက်ငယ်မုဒိမ်းမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် စကားပုံဆက်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲများ ကျင်းပ
Jan 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ ဇန်နဝါရီလ ၂၀ ရက် နေ့လယ်(၂) နာရီအချိန်က သက်ငယ်မုဒိမ်းမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် စကားပုံဆက်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲများ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်း၌ (၇၅)နှစ်မြောက်၊ ပြည်ထောင်စုနေ့တွင် တိုင်းဒေသကြီးကိုယ်စားပြု အလှပြယာဉ်များ ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Jan 21,2022
(၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စု့နေ့တွင် နိုင်ငံတောအဆင့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အလှပြယာဉ်များ ပြသနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့ပိုင်းက စစ်ကိုင်းတက္ကသိုလ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jan 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုးနဲမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းမြစိုးလှိုင်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကျောင်း သား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်
Jan 21,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး Talk Show များကို စဉ်ဆက်မပြတ် ဆောင်ရွက်နေလျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ပျဉ်းမနား မြို့နယ်ရုံး Community Centre ခန်းမ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
21308
Page
21309
Page
21310
Page
21311
Current page
21312
Page
21313
Page
21314
Page
21315
Page
21316
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department