သတင်းများ

ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းနှင့် mask campaign ပြုလုပ်
Jan 22,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်း မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် mask campaign ပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၈ နာရီက ရန်ကုန်-ပြည် ကားလမ်း မီးပွိုင့်လမ်းဆုံ၌ ပြုလုပ်ခဲ့ကြသည်။
အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ပျံ့နှံ့မှုမရှိစေ‌ရေး ကိုဗစ်-၁၉ ညွှန်ကြားချက်များအား ပြည်သူများ သိရှိစေရန် အသိပညာပေးလှည့်လည်နှိုးဆော်
Jan 22,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေ‌ရေးအတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့် ကိုဗစ်-၁၉ ညွန်ကြားချက်များအား ပြည်သူများသိရှိစေရန် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့ပေါ်လမ်းဆုံ လမ်းမများနှင့် ရပ်ကွက်ကျေးရွာများသို့သွားရောက်၍ အသံချဲ့စက်ဖြင့် အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းများဆောင် ရွက်ခဲ့ သည်။
အုတ်ဖိုမြို့ ကျောင်းကြီးတန်းလမ်း အုတ်ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်း ၃၀ ရာခိုင်နှုန်းကျော်ပြီးစီး
Jan 22,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (Mini Budget) ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ကျောင်းကြီးတန်း ရပ်ကွက်အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ကျောင်းကြီး တန်းလမ်းတွင် အုတ်ရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်းကိုဆောင်ရွက်လျှက်ရှိရာ ၃၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်( ၁)ရပ်ကွက်၌ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Jan 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုများ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အထများရရှိစေရန် ရည်ရွယ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ပြည်သူများထံသို့ စာအုပ်စာစောင်များအား နယ်လှည့်ကွင်းဆင်း ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jan 21,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမရှိစေရန်နှင့် လျော့ကျစေရန် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီ အချိန်က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်(Covishield) ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း(၁၁၀)ဦး၊ ဒုတိယအကြိမ်(Sinovac) ကာကွယ်ဆေးထိုးနှံသူ(၂၁၀) ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ သတ်မှတ်ချက်များနှင့် ကိုက်ညီသော မသန်စွမ်းသူဦးရေ (၆၂၂) ဦးအား ဆန်နှင့် ငွေသားထောက်ပံ့နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jan 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ယနေ့နံနက် (၀၉:၃၀)အချိန်က ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ သတ်မှတ်ချက်များနှင့် ကိုက်ညီသော မသန်စွမ်းသူဦးရေ (၆၂၂)ဦးအား ဆန်နှင့်ငွေသား ထောက်ပံ့နိုင်ရေးတို့အတွက် မြို့နယ်မသန်စွမ်းသူများဆိုင်ရာ ကော်မတီနှင့် မြို့နယ်ကြက်ခြေနီ အသင်းတို့မှ ပူးပေါင်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အသက်၁၈နှစ်နှင့်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ်အထက်ရှိပြီး၊ သတ်မှတ်ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သူများအား ယနေ့ နံနက် ၉ နာရီမှစ၍ ခနောင်တို အရှေ့ရပ်ကွက်ရှိ မြို့သစ်(၂)ဓမ္မာရုံတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covishield ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
မိုင်းပန်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါ အသိပညာပေး ဆက်လက်နှိုး
Jan 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း  ယနေ့ နံနက်(၉)နာရီ ၃၀ အချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။