မိုင်းယောင်းမြို့တွင် ပင်စင်စား မိဘပြည်သူများအား ပင်စင်လစာငွေများထုတ်ပေး
Jan 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ ပင်စင်စား မိဘပြည်သူများအား ပင်စင်လစာငွေများကို ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်နှင့်အညီ ပင်စင်လစာငွေများ စနစ်တကျ ထုတ်ပေးလျက်ရှိရာ ပင်စင်စား မိဘပြည်သူများက သတ်မှတ် ထားသည့် ကာကွယ်ရေးစည်းကမ်းချက်များအတိုင်း စိတ်အေးချမ်းစွာ လာရောက် ထုတ်ယူလျက်ရှိကြောင်း သိရသည်။