ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

ပျဉ်းမနား  ဇန်နဝါရီ  ၂၁

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး Talk Show များကို စဉ်ဆက်မပြတ် ဆောင်ရွက်နေလျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ပျဉ်းမနား မြို့နယ်ရုံး Community Centre ခန်းမ၌ကျင်းပသည်။

အဆိုပါ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးဇော်ဖြိုးအောင်နှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (နေပြည်တော်)မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဆရာ ဦးခိုင်မင်းတို့က မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားသည့် အမျိုးအစားများ၊ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး စတင်ဝင်ရောက်ပျံ့နှံ့လာမှု အခြေအနေများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ အကြောင်းနှင့် လူငယ်တွေ မူးယစ်ဆေးဝါးရဲ့ ကျေးကျွန်မဖြစ်စေဖို့ ဆောင်ရန်/ရှောင်ရန်များကို အကျယ်တဝင့် ဆွေးနွေးကြသည်။

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရိုက်ကူးဆောင်ရွက် သည့် အဆိုပါ အသိပညာပေး Talk Show အပြည့်အစုံကို ပျဉ်မနားမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် Pyinmana Community Centre Page များတင် အွန်လိုင်းမှတဆင့် အသိပညာပေးခြင်းကဏ္ဍအဖြစ် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ခန့်ဝင်းကျော်