ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု တစ်သိန်း ခြောက်သောင်း ရှစ်ထောင်ကျော်ထိုးပေးနိုင်ပြီဖြစ်

ကျောက်ပန်းတောင်း  ဇန်နဝါရီ   ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်မှု အခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၁၆၈၆၁၉ ဦးထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း၊ ညောင်ဦးခရိုင် ကျန်းမာရေးဦးစီးဌာနထံက သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန်  ကျောက်ပန်းတောင်းမြို့နယ်တွင် သတ်မှတ် စုရပ်နေရာဖြင့် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံ ပေးလျက် ရှိရာ ကျောက်ပန်းတောင်းမြို့နယ်တွင် ပထမအကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မှု ၉၅၁၉၁ ဦး၊ Sinopharm ဒုတိယအကြိမ် ၆၃၃၂၇ဦး၊ Sinovac ပထမအကြိမ် ၅၂၉၄ ဦး၊ Sinovac ဒုတိယအကြိမ် ထိုးပေးနိုင်မှု ၄၃၄၅ ဦး၊Phase-6 Covisheld ပထမအကြိမ် ၄၆၂ ဦးထိုးပေးနိုင်ပြီဖြစ်ရာ စုစုပေါင်း၁၆၈၆၁၉ ဦးထိုးနိုင်ပေးနိုင်ပြီဖြစ်ကြောင်း ဆေးခွဲတမ်းရရှိမှုအပေါ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း၊ ဝေးလံသည့်ကျေးရွာများသို့လည်း နယ်လှည့် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် လိုက်လံ ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် ကျန်းမာရေးဦးစီးဌာနထံက သိရသည်။

 ကိုထိန်၊KPD