မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အုပ်ချုပ်ရေးမှူးရုံး (၆) ရုံး ဆောက်လုပ်ပြီးစီး

မင်းဘူး ဇန်နဝါရီ ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြို့ပေါ်နှစ်ရပ်ကွက် အပါအဝင် ကျေးရွာ (၄) ရွာနှင့် စုစုပေါင်း အုပ်ချုပ်ရေးမှူး (၆) ရုံး၊ ဆောက်လုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောက်လုပ်ပေးလျက်ရှိရာတွင် မင်းဘူးမြို့ အမှတ် (၄) ရပ်ကွက်တွင် တစ်ရုံး၊ စကု အမှတ် (၃) ရပ်ကွက်တွင် တစ်ရုံးနှင့် ကံသာကျေးရွာ၊ မင်းရွာကျေးရွာ၊ ပိုက်သင်ကျေးရွာအပြင် ထိန်တောကျေးရွာများရှိ အုပ်ချုပ်ရေးမှူးရုံးများ ဆောက်လုပ်ပေလျက်ရှိရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံး ငွေရင်း ခွင့်ပြုရံပုံငွေမှ တစ်ရုံးလျှင် ၉၉၅၀၀၀၀ ကျပ်ဖြင့် စုစုပေါင်းငွေကျပ် ၅၉၇ သိန်းဖြင့် ဆောက်လုပ်ပေး နိုင်ခဲ့သည်။

ထိုကဲ့သို့ ဆောက်လုပ်ပြီးစီးမှုအား မင်းဘူး(စကု)မြို့နယ် အရည်အသွေးစစ်ဆေးရေးနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်နှင့် ကော်မတီဝင်များက ဆောက်လုပ်ပြီးစီးခဲ့သည့် ရပ်ကွက်နှင့် ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးရုံးများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်တည်တံ့ခိုင်မြဲစေရန် ဂရုစိုက်ထိန်းသိမ်းကြရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)