သရက်မြို့၌ (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

သရက်     ဇန်နဝါရီ   ၂၂  

မကွေးတိုင်းဒေသကြီး သရက်မြို့၌ (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လည် ၁ နာရီက ခရိုင်ပြည်သူ့ စာကြည့်တိုက် (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဆွေက ပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို “ညီညွတ်ခြင်းအင်အား ပြည့် နှလုံးသား ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ရာ သရက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၃၅) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဇန်နဝါရီ ၂၆ ရက်နေ့တွင်ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

သရက်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ် လူရွယ်များအား ဉာဏ်ရည် ဉာဏ်သွေးထက်မြက်စေရန်၊ စိတ်ပျော်ရွှင် ကြည်နူးစေရန်၊ စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်ပြီး အသုံးပြုတတ်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဟောပြောပွဲများ၊ ပြပွဲပြိုင်ပွဲများအား လစဉ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဇော်ဝမ်းထွန်း