လှိုင်သာယာ(အနောက်ပိုင်း) ဇန်နဝါရီ ၂၂
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အမှတ်(၁၄)ရပ်ကွက်ရှိ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ် မှူးများက ထောက်ပံ့ငွေများကို အဘိုး၊ အဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ သည်။
ထိုသို့ ထောက်ပံ့ငွေပေးအပ်ရာတွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးအဘိုး (၁၄) ဦးနှင့် အဘွား (၂၃)ဦးတို့အတွက် နိုင်ငံတော်မှ တစ်လလျှင်ငွေကျပ် (၁၀၀၀၀) နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးခြင်းဖြစ်ပြီး အတွင်းကျေးရွာရှိ အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွား (၃၇) ဦးတို့ အတွက် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၁၁၀၀၀၀) ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဝေဝေ(ပြန်/ဆက်)