ကျောက်တလုံးကြီး ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ အသက်(၄၀)နှစ်နှင့် အထက် ပြည်သူများနှင့် ဦးတည်အုပ်စုအလိုက် ဒုတိယအကြိမ် Covid-19 ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉နာရီခန့်က ကျောက်တလုံးကြီးမြို့၊ အောင်ဓမ္မစေတီဘုရားကုန်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ Covid-19 ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ကြီးကြပ်၍ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ကျောက်တလုံးကြီး မြို့ပေါ် (၆)ရပ်ကွက်ဖြစ်သော ကောင်းဝိန်းရပ်ကွက်၊ လင်းနားရပ်ကွက်၊ တပူရွေးရပ်ကွက်၊ ထီလုံ ရပ်ကွက်၊ နောင်လုံရပ်ကွက်၊ ဒုံအုံးရပ်ကွက်နှင့် ပင်တွန်ကျေးရွာအုပ်စု၊ မဲတိုင်းကျေးရွာတို့မှ အသက် (၄၀) နှစ်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုအလိုက် Covid-19 ရောဂါ ကာကွယ်ဆေးကို ဟမ်းဆီး ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးမှူးနှင့် ကျန်းမာရေးဝန်ထမ်း၊ ကျောက်တလုံးကြီးမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးဝန်ထမ်းတို့က Covid-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေး ကြောင်း သိရသည်။
အဆိုပါ Covid-19 ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် ကျောက်တလုံးကြီးမြို့ ကျေးရွာအုပ်စု(၇)အုပ်စု တို့မှ အသက်(၄၀)နှင့် အထက် ပြည်သူများနှင့် ဦးတည်အုပ်စုအလိုက် ပြည်သူများ(၁၃၄၁)ဦးအား ထိုးနှံပေးခဲ့ပြီး၊ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများတွင် ကျောက်တလုံးကြီးမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများတို့က ပူးပေါင်းပါဝင် ဆောင်ရွက်ကြကြောင်း သိရသည်။
(မြဝင်း) ကျောက်တလုံးကြီး