မိုင်းလုံမြို့တွင် ကဗျာရွတ်ဆိုခြင်းကို Online မှတစ်ဆင့် ဆောင်ရွက်

မိုင်းလုံ ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ဝန်ထမ်းများက  ကျောင်းသား/ ကျောင်းသူများနှင့် ကလေး‌ငယ်များအတွက် အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီစဉ်များကို  ပြည်သူ့စာကြည့်တိုက် Page များတွင် နေ့စဉ်လွှင့်တင် ဆောက်ရွက်ပေးလျက်ရှိသည်။

မိုင်းလုံမြို့အတွင်းရှိ ကျောင်းနေအရွယ် ကလေးများ ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက် လာစေရန်၊ ကိုယ်ရည်ကိုယ်သွေး ထက်မြက်လာစေရန်၊ အသိပညာဗဟုသုတများ ရရှိစေရန်၊ စာအုပ်စာပေနှင့် အမြဲထိတွေ့စေရန်၊ ယဉ်ကျေးလိမ္မာသော သားသမီးများဖြစ်စေရန် ရည်ရွယ်၍ ပေါင်းညွှမ်(နာဂ)စာပေမှ ရေးသားသည့်  "ပေါင်းညွှမ်ဝတ်စုံ" စာအုပ်ဖြင့် ကဗျာရွတ်ဆိုခြင်း အစီ အစဉ်ကို ဆောင်ရွက်ခဲ့သည်။

ကိုဗစ်ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေဝါသနာရှင်များအတွက် အသိပညာဗဟုသုတတိုးပွားစေရန် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူ အရုပ်ခေါက်ခြင်း၊ ကျန်းမာရေးဆောင်းပါး မိတ်ဆက်ခြင်းစသည့် အစီအစဉ်များနှင့် Talk Show အစီအစဉ်များကို ရိုက်ကူး၍  Online  မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)