ညောင်ဦး ဇန်နဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၁၅၀၃၂၁ ဦးထိုးနှံ ပေးခဲ့ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်ရန် ညောင်ဦးမြို့နယ်တွင် သတ်မှတ်စုရပ် နေရာ(၁၂) နေရာဖြင့် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ် တွင် ပထမအကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေး ထိုးပေးနိုင်မှု ၈၈၅၃၀ ဦး၊ Sinopharm ဒုတိယ အကြိမ် ၅၃၀၂၅ ဦး၊ Sinovac ပထမအကြိမ် ၃၇၃၀ ဦး၊ Sinovac ဒုတိယအကြိမ် ထိုးပေးနိုင်မှု ၃၂၅၄ ဦး၊ Phase-6 Covisheld ပထမအကြိမ် ၁၇၈၂ ဦးထိုးပေးနိုင်ပြီဖြစ်ရာ စုစုပေါင်း ၁၅၀၃၂၁ ဦး ထိုးနိုင်ပေးနိုင်ပြီဖြစ်ကြောင်း ဆေးခွဲတမ်းရရှိမှုအပေါ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း၊ ဝေးလံသည့် ကျေးရွာများသို့လည်း နယ်လှည့် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးအဖွဲ့များဖြင့် လိုက်လံထိုးနှံပေးလျက်ရှိ ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
ကိုထိန်၊ KPD