မင်းလှ ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရွှေဝါမြိုင်အုပ်စု၊ ရွှေဝါမြိုင်ကျေးရွာတွင် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေးရေများ စတင်ထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိကြောင်း ယမန်နေ့က ကျေးရွာစီမံအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
စိုက်ပျိုးရေရရှိခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်၊ ခွင့်ပြုငွေ(၁၆ .၃) သန်းဖြင့် ၄" ၄၀၀' Solar Pannel (4.6 KW) နှင့် Summersible Pump တပ်ဆင်ခြင်းအား ၂၉-၁၃-၂၀၂၁ ရက်နေ့မှ စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဆိုလာစနစ်ဖြင့် ရေရရှိခြင်းအတွက် အိမ်ခြေ(၁၃၉)အိမ်၊ လူဦးရေ(၅၇၅)ဦး၊ ဧက(၅၁)ဧကနှင့် တောင်သူ (၂၁) ဦး အကျိုးပြုသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ မင်းလှ