အမာ ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုလျော့ကျစေရန်၊ကိုဗစ်-၁၉ မျိုးဗီဇပြောင်းအိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ယမန်နေ့နံနက် (၉) နာရီခွဲက မြို့ပေါ်ရပ်ကွက်များနှင့်အနီးရှိ ကျေးရွာများအတွင်း လှည့်လည်ကြေညာခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းအိုမီခရွန်(Omicron) ရောဂါပိုးသည် နိုင်ငံအများအပြားတွင် ကူးစက်ပြန့်နှံ့မှုများပြားလာနေ ပြီဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်လည်း ရောဂါပိုးတွေ့ရှိသူများ ရှိနေပြီဖြစ်သဖြင့် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် နည်းလမ်းများနှင့်အညီ နေထိုင်ကြရန်၊ မိမိတွင် ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်နှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကိုလည်း အကြိမ်ရေပြည့်စွာ မပျက်မကွက် ထိုးနှံကြပါရန် Hand Speaker များဖြင့် လိုက်လံနှိုးဆော်ကြေညာခဲ့ကြကြောင်း သိရသည်။
အမာ(ပြန်/ဆက်)