ငပုတော ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟင်းအိုးချောင်း ကျေးရွာအုပ်စု ရေငံ-သရက်ကုန်းကျေးရွာတွင် အသက်(၁၈)နှစ်နှင့်အထက် တစ်ကြိမ်တစ်ခါမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးရသေးသော ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို ငပုတောမြို့နယ် ရေငံ-သရက်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယနေ့ နံနက်(၁၀) နာရီအချိန်က Covid Sheild အမျိုးအစား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရန် စုရပ်သို့ ကာကွယ်ဆေးထိုးနှံခြင်းများ စနစ်တကျ ထိုးနှံနိုင်စေရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူး မန်းကျော်သက်နှင့်အဖွဲ့ဝင်များ ကျေးလက်ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးခဲ့ကြသည်။ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဒေါ်အေးအေးမွန် ဦးဆောင်သည့် ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း သွေးအတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာပေးခြင်း သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးကြပြီး ပုံမှန်ကျန်းမာရေး အခြေအနေ ရှိသူများကိုသာ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးပါက နာရီဝက်ခန့်စောင့်ကြည့် ဆောင်ရွက်ပေးကြောင်းနှင့် ကာကွယ်ဆေး (၁)လုံးလျှင် လူဦးရေ (၁၁)ဦးနှုန်းနှင့် ဆေးအလုံးရေ (၁၂)လုံး အား ထိုနှံပေးရာ ယနေ့တွင် ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း (၁၃၂)ဦး ရှိကြောင်း သိရသည်။
နုနုအေး