မြောင်းမြခရိုင် ပြန်ဆက်ရုံးရှေ့ နံရံကပ်ဘုတ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

မြောင်းမြ ဇန်နဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ဘုတ်တွင် ဇန်နဝါရီလ (၁၉)ရက်နေ့ ညနေ (၃)နာရီမှစတင်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များအား ပြသဆောင်ရွက်ရာ ကျောင်းသား၊ ကျောင်းသူများနှင့် အများပြည်သူများ လာရောက်လေ့လာ ကြည့်ရှုကြသည်။

အဆိုပါနံရံကပ်ဘုတ်တွင် ကလေးအလုပ်သမားပြဿနာများကို ကိုင်တွယ်ဖြေရှင်းကြသည့် နိုင်ငံတကာလမ်းစဉ်များ၊ လုပ်ငန်းခွင်ဝင်ရန် အနိမ့်ဆုံးထားရှိရမည့် ကလေးသူငယ်၏ အသက်အပိုင်းအခြား ကန့်သတ်မှု၊ ကလေးအလုပ်သမား အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးသူငယ် များ၏ ပြဿနာဖြေရှင်းခြင်းဆိုင်ရာ နည်းလမ်းများ၊ ကလေးသူငယ်ဘဝမှ ကလေးအလုပ်သမားအဖြစ်  ပြောင်းလဲခြင်းခံရသည့် အချက်များအား ပြည့်စုံစွာ ထည့်သွင်းပြသထားရှိသည်။

မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင် အပြစ်ကင်းသည့် ကလေးငယ်များဘဝမှ ကလေးအလုပ်သမား များအဖြစ်သို့ အဓမ္မခိုင်းစေခံရခြင်း မရှိစေရေးနှင့် ကလေးအလုပ်သမားများ ပပျောက်စေရေးတို့ကိုရည်ရွယ်၍ နံရံကပ်စာစောင် ပြုလုပ်ပြသ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ပြည်သူများ အသိပညာဗဟုသုတ ပိုမိုရရှိနိုင်စေရန် အတွက် မြေစိုက်နံရံကပ်ဘုတ်နှင့် နံရံကပ်စာစောင်များအား နေ့ထူးနေ့မြတ်များ၊ အချိန်ကာလနှင့် လျော်ညီသည့် အသိပညာပေး အကြောင်းအရာများကို လစဉ်လဲလှယ် ပြသ ပေးလျက်ရှိကြောင်း သိရသည်။

ခင်ရူပါအေး