မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ပြည်ထောင်စုနေ့ (အကြို) ဟောပြောပွဲကျင်းပ

မိုင်းလုံ  ဇန်နဝါရီ    ၂၀  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ပြည်ထောင်စုနေ့(အကြို) ဟောပြောပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre ) ခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။

ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်း က ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို ကလေးငယ်များမှတ်မိစေရန် လိုအပ်သည့် အချက်အလက်များကို ကောက်နုတ်ဟောပြောပြီး  စာကြည့်တိုက်တွင်လာရောက်၍ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာစေရန် ကလေး ငယ်များကို ပြည်ထောင်စုနေ့နှင့်သက်ဆိုင်သော စာအုပ်များပေးဖတ်ကာ နောင်တွင်လည်း  စာပေဖတ်ရှုခြင်းဖြင့် အမှားအမှန်ကို ကိုယ်တိုင်ဝေဖန်ပိုင်းခြားနိုင်သောကြောင့် စာများများဖတ်စေရန် ရည်ရွယ်၍  ဟောပြောပွဲကိုဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားပြီး ကလေးငယ်များကလည်း မိမိတို့သိလိုသည်များကို ပြန်လည်မေးမြန်းကာ မြို့ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းမှ ပြန်လည် ဖြေကြားပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ဟောပြောပွဲကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဟောပြောပွဲသို့ လာရောက်ကြသော ကလေးငယ်များအား လက်ဖက်ရည်နှင့်မုန့် ဧည့်ခံကျေွမွေးခဲ့ကြောင်းသိရသည်။

ဇော်ဇော်